
ထိထိရောက်ရောက် မားကက်တင်း
By အောင်ကိုဦး (UMK)
Book Details
ဈေးနှုန်း
MMK 17,000
စာရေးသူ
အောင်ကိုဦး (UMK)
စာအုပ်အမျိုးအစား
စီးပွားရေး
စာမျက်နှာ
221
Book Summary
“လူတွေဟာ စျေးဝယ်တဲ့အခါ စိတ်ခံစားမှုနဲ့ ဆုံးဖြတ်ကြပါတယ်။ အဲဒီစိတ်ခံစားမှုကို ကျွန်တော်တို့ရဲ့ကြော်ငြာ၊ ကုန်ပစ္စည်းတွေက ထိမိစေဖို့လိုပါတယ်။”
“ကိုယ့်ရဲ့ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေ ရောင်းရဖို့အတွက် ဝယ်သူတွေကို ကတိတွေပေးရပါတယ်။ ဒီဆေးကို သောက်ရင် အဆီကျတယ်၊ ဒါကိုဝတ်ရင် စမတ်ကျတယ်၊ ဒီသင်တန်းတက်လိုက်ရင် ဖေ့စ်ဘွတ်ခ်နဲ့ ပတ်သက်တာတွေ တတ်သွားမယ် စသဖြင့်။ အဲဒီ ကျွန်တော်တို့ ပေးတဲ့ကတိက ဝယ်သူရဲ့ Needs & Wants နဲ့ ကိုက်တဲ့အခါ သူက ကျွန်တော်တို့ပေးတဲ့ကတိက ယုံရပါ့မလား ဆန်းစစ်ပါတယ်၊ ယုံရလောက်တယ် လို့ ယူဆတဲ့အခါ စမ်းကြည့်ပါတယ်။ တကယ်လို့ ကျွန်တော်တို့ ပေးတဲ့ကတိအတိုင်း သူရတယ်ဆိုရင် သူယုံကြည်ပါတယ်။ နောက်ထပ် ထပ်ပြီးတော့ ဝယ်စေချင်ရင် ကတိတည်ရပါတယ်။ ကျွန်တော်တို့ ပေးတဲ့ ကတိအတိုင်း မတည်ရင် ဝယ်သူတွေက နောက်တစ်ကြိမ်ဆိုတာ ပြန်မလာတော့ပါဘူး။”
ဒီစာအုပ်ထဲမှာပါဝင်တဲ့ နည်းစနစ်တွေ၊ Strategy တွေက ကိုယ်တိုင် တကယ်လိုက်လုပ်လို့ရတယ်။ ကုန်ကျစရိတ်လည်း အထိုက်အလျောက်သက်သာမယ်၊ အွန်လိုင်းအတွက်ရော မြေပြင်အတွက်ပါ မျှအောင်လုပ်ထားပါတယ်။ တကယ်လုပ်ရင် တကယ်လုပ်ငန်းတိုးတက်စေမယ်။ ဒီလိုအချက်တွေကို စဉ်းစားပြီး ရေးသားထားတာဖြစ်ပါတယ်။ ဒါ့ပြင် နည်းစနစ်တစ်ခုစီအတွက် အဓိပ္ပာယ်ဖွင့်ဆိုချက် သက်သက်တင်မဟုတ်ဘဲ ဒီနည်းစနစ် တွေကို သူများတွေ ဘယ်လိုသုံးခဲ့တယ်၊ ကိုယ့်လုပ်ငန်းမှာ ဘယ်လိုသုံးလို့ရမယ် စတဲ့ အပိုင်းတွေကိုပါ ရေးသားထားဖြစ်လို့ လက်တွေ့အသုံးချနိုင်မှာ သေချာပါတယ်။ (စာအုပ်အကြောင်း မိတ်ဆက်မှ)
မားကက်တင်းနည်းဗျူဟာများစွာကို စုစည်းတင်ပြထားတဲ့ စာအုပ်ဖြစ်ပါတယ်။
- Content Marketing, Social Media Marketing, Influencer Marketing စတဲ့ ဒစ်ဂျစ်တယ်မားကက်တင်းနည်းလမ်းတွေ၊
- Guerrilla Marketing, Event Marketing, Direct Marketing စတဲ့ အွန်လိုင်းနဲ့ အော့ဖ်လိုင်း ပေါင်းစပ်အသုံးပြုနိုင်တဲ့နည်းလမ်းတွေ၊
- Loyal Marketing, Personalized Marketing, PR Marketing စတဲ့ ဝယ်သူအခြေပြုမားကက်တင်းနည်းလမ်းတွေ၊
- Affiliate Marketing, Niche Marketing, Upsell & Cross-sell Marketing စတဲ့ အစွမ်းထက်မားကက်တင်းနည်းလမ်းတွေ ပါဝင်ပါတယ်။
လုပ်ငန်းရဲ့ Branding၊ Marketing နဲ့ Sales တိုးတက်ဖို့အတွက်လက်တွေ့အသုံးချနိုင်မယ့်စာအုပ်ပါ။ စီးပွားရေးလုပ်ငန်းရှင်တွေ၊ မားကက်တင်းနဲ့ အရောင်းပရော်ဖက်ရှင်နယ်တွေ၊ မားကက်တင်းနဲ့ အရောင်းကို လေ့လာနေသူတွ
Recommended Books
Ratings & Reviews
Overall Rating
0.0




