Positive Attitude

Positive Attitude

By မြင့်မြင့်ခင်

Book Details

    ဈေးနှုန်း

    MMK 12,000

    စာရေးသူ

    မြင့်မြင့်ခင်

    စာအုပ်အမျိုးအစား

    ဘဝနေနည်း

    စာမျက်နှာ

    153

Book Summary

အကောင်းမြင်စိတ်ဆိုတာ အပြုသဘောစိတ် ဖြစ်ပါတယ်။ အပြုသဘောစိတ်က ကောင်းတဲ့စိတ်ထားကနေ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ အကောင်းမြင်တယ်ဆိုတာတစ်ဖက်လူရဲ့အမှားတွေကို လျစ်လျူရှုခိုင်းတာ မဟုတ်ပါဘူး။ အပြုသဘောမြင်ကြည့်ပေးတာပါ။ တစ်ဖက်လူအပေါ် နားလည်ပေးတာပါ။
သင့်မှာ အကောင်းမြင်စိတ်မရှိရင် သင့်ဘဝမှာ ဘာပဲလုပ်လုပ် အဆင်ပြေမှာ မဟုတ်ပါဘူး။သင့်ရဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို အကောင်းမြင်စိတ်ထားပါ။ အကောင်းမြင်စိတ်ကြောင့်အခက်အခဲနဲ့တွေ့လာ ရင်လည်း သင် အလွယ်တကူစိတ်ဓာတ်မကျဘဲ နေနိုင်မှာဖြစ်ပါတယ်။ သင်ကအကောင်းမြင်စိတ်ရှိမှ သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေး တိုးတက်လာမှာဖြစ်ပါတယ်။
သင့်မှာအဆိုးမြင်စိတ်ရှိရင် အရာရာကို သင်ဘာပဲလုပ်လုပ် အဆိုးပဲမြင်နေမှာပါ။ အဆိုးမြင်စိတ်က အဖျက်စိတ်ပါ။ ဥပမာ - သင့်ဘဝမှာ သင်လိုချင်တာရဖို ပန်းတိုင်တစ်ခုချမှတ်တယ်ဆိုပါစို။ အဆိုးမြင်စိတ်ကြောင့် ငါ ဒါကိုရအောင်မလုပ်နိုင်ပါဘူး၊ ငါ့မှာအချိန်မရှိဘူး၊ ငွေမရှိဘူး စသဖြင့် အဆိုးမြင်စိတ်ကြောင့် အရှုးပေးချင်လာပါလိမ့်မယ်။ သင့်မှာသာ အကောင်းမြင်စိတ်ရှိရင် ဘယ်လိုအခက်အခဲအတားအဆီးမဆိုကျော်လွှားနိုင်ပါလိမ့်မယ်။ ငါလိုချင်တာ ငါရအောင်လုပ်မယ်၊ ငါ့မှာ အစွမ်းအစတွေရှိတယ်၊ ငါလိုချင်တာ ရမယ်ဆိုတာ ငါယုံကြည် တယ်၊ အခုတွေ့နေတဲ့အခက်အခဲတွေက ငါ့အတွက်စိန်ခေါ်မှုတွေဖြစ်တယ် စသဖြင့် အကောင်းဘက်က ကြည့်နိုင်တဲ့အတွက် သင်လိုချင်တာကိုသင်ရအောင် လုပ်နိုင်ပါလိမ့်မယ်။ အကောင်းမြင်စိတ်ရဲ့ စွမ်းအားကိုသိချင်ရင် အကောင်းမြင်တတ်တဲ့စိတ် ထားကြည့်လိုက်ပါ။ သင့်မှာအကောင်းမြင်စိတ်ရှိလာရင် သင့်ဘဝကလည်း ပြောင်းလဲလာပါလိမ့်မယ်။
ဆရာမမြင့်မြင့်ခင်ရဲ့  “Positive Attitude” စာအုပ်ကနေ ထုတ်နုတ်ထားတာဖြစ်ပါတယ်။ ဒီစာအုပ်မှာ စိတ်ထားတတ်ဖို၊ စိတ်ပြောင်းလဲဖို နဲ့ အကျင့်ဆိုးပြုပြင်နည်းနှင့် အကျင့်ကောင်းတည်ဆောက်နည်း ဆိုပြီး အပိုင်း (၃) ပိုင်း ပါဝင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်တိုးတက်အောင်တည်ဆောက်နိုင်ဖိုနဲ့ ငြိမ်းချမ်းတဲ့ဘ၀နေနည်းအတွက် အထောက်အကူပြုမယ့်စာအုပ်တစ်အုပ်ဖြစ်ပါတယ်။

Recommended Books

သပ်ရပ်သောအိမ်၊ငြိမ်သက်သောစိတ် book cover

သပ်ရပ်သောအိမ်၊ငြိမ်သက်သောစိတ်

ထက်ထက်တင်ဇာ

MMK 11,000

လွှတ်ချသင့်တာ လွှတ်ချပြီး ရှေ့ဆက်ပါ book cover

လွှတ်ချသင့်တာ လွှတ်ချပြီး ရှေ့ဆက်ပါ

ထက်ထက်တင်ဇာ

MMK 14,500

ငြိမ်းချမ်းမှုကို ရှာဖွေခြင်း book cover

ငြိမ်းချမ်းမှုကို ရှာဖွေခြင်း

မောင်သန်း

MMK 9,000

စိတ်ရှင်းရင် ဘဝရှင်းပါတယ် book cover

စိတ်ရှင်းရင် ဘဝရှင်းပါတယ်

လွန်းထားထား(ဆေးတက္ကသိုလ်)

MMK 8,500

Your Life Your Choice ဘဝနေနည်း စာစုများ book cover

Your Life Your Choice ဘဝနေနည်း စာစုများ

ကလောင်စုံ

MMK 7,000

Ratings & Reviews

Overall Rating

0.0